NLD နဲ့ SNLD ပါတီကို အရေးယူဖို့ ပြင်ဆင်နေ
ရေးသားခဲ့သည်။
၂ဝ၂ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို အရေးယူနိုင်ဖို့အတွက် မတ် ၂၇ ရက်နောက်ပိုင်း ဆုံးဖြတ်မှာဖြစ်တယ်လို့ မတ်လ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲက ကောက်နုတ်ချက်တချို့ကို ဘီဘီစီသတင်းထောက် မဇာဏီထွဏ်းက ပြောပြပေးပါမယ်။