သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ရဖို့ မိသားစုဝင်တွေ ကြိုးပမ်းနေ

ဗီဒီယို ပုံစာ, သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ရဖို့ မိသားစုဝင်တွေ ကြိုးပမ်းနေ
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်တွင်း မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ထောင်သားတချို့ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ထောင်အာဏာပိုင်တွေကို ဓားစာခံလုပ်မှုကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁ ဦးနဲ့ အချုပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အပြည့်အစုံကိုတော့ မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။