ကယားစစ်ရှောင်တွေ အခက်အခဲမျိုးစုံ ကြုံနေရ

ဗီဒီယို ပုံစာ, ကယားစစ်ရှောင်တွေ အခက်အခဲမျိုးစုံ ကြုံနေရ
ရေးသားခဲ့သည်။

ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကယားပြည်နယ်ဘက်မှာ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို တခြားမြို့တွေဆီ ပြောင်းရွှေ့သွားလာလို့မရအောင် စစ်ကောင်စီတပ်တွေဘက်က တားဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တခါ စစ်ရှောင်စခန်းတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း မကြာခဏဆိုသလို ရှိနေပါတယ်။

အပြည့်အစုံကိုတော့ မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။