ရုရှားတပ်တွေကို တိုက်ထုတ်ဖို့ ယူကရိန်း အကြီးဆုံးဆိပ်ကမ်းမြို့က ဒေသခံတွေ ပြင်ဆင်
ရေးသားခဲ့သည်။
ယူကရိန်းရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ အိုဒက်ဆာ မြို့ဟာ ရုရှားရဲ့ အဓိက နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒေသခံတွေက အတားအဆီး သဲအိတ်တွေ ထားရှိကြပါတယ်။
တိုင်းပြည်အတွက် စေတနာ့ဝန်ထမ်း စစ်ထွက်တိုက်မယ့်သူတွေက သူတို့မြို့ကို ကာကွယ်ဖို့ ပြင်နေချိန်မှာ အမျိုးသမီးတွေနဲ့ ကလေးအများစုကတော့ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ နယ်စပ်ကို ဦးတည်နေကြပါတယ်။
ဘီဘီစီသတင်းထောက် Lucy Williamson မိုဒိုဗာနိုင်ငံကနေ ပေးပို့တဲ့ သတင်းကို မသီဒါနွယ်က ပြန်ပြောပြမှာပါ။