ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှု ယူကရိန်းစစ်သားတွေ ဆက်လက်ခုခံ

ဗီဒီယို ပုံစာ, ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှု ယူကရိန်းစစ်သားတွေ ဆက်လက်ခုံခံ
ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း Sumy မြို့မှာ မနေ့ညက ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် သုံးဦးအပါအဝင် ၂၂ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ကိဗ်မြို့တော်အပါအဝင် မြို့ကြီး ၅ မြို့ကို ယာယီအပစ်အခတ်ရပ်စဲဖို့ နှစ်နိုင်ငံကြား သဘောတူထားပေမယ့် ရုရှားဘက်က ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။

ယူကရိန်းကို ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက် Jeremy Bowen ပေးပို့တဲ့ သတင်းကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။