ယင်းမာပင် တိုက်ပွဲ စစ်ဘေးရှောင် အနည်းဆုံး ၆ဦးသေဆုံး
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေထဲက လူ အနည်းဆုံး ၆ ဦးသေဆုံးခဲ့ရပါတယ်။ မတ်လ ၇ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်းထဲက ကလေးမြို့နယ် သံဖိုကျေးရွာမှာ လူတစ်ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီက နောက်ဆုံး အခြေအနေတွေကို ဘီဘီစီ သတင်းထောက် မအိမ့်ခိုင်ဦးက အခုလို သတင်းပေးပို့ထားပါတယ်။