ယူကရိန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ခုခံစစ်

ဗီဒီယို ပုံစာ, ယူကရိန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ခုခံစစ်
ရေးသားခဲ့သည်။

ယူကရိန်းမြို့တော် ကိဗက်ဗ်မှာလည်း တိုက်ခိုက်မှုတွေ ပြင်းထန်နေပြီး အရပ်သား အမြောက်အများ သေဆုံးနိုင်တယ်လို့ မြို့တော်ဝန် ဗလာဒီမီယာ ကလစ်ချ်ကိုက သတိပေးပြောကြားနေပါတယ်။ ထောင်နဲ့ချီတဲ့ အရပ်သားတွေဟာလည်း နယ်မြေဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေထဲကို ဝင်ရောက်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ အရပ်သား နယ်မြေကာကွယ်ရေး အဖွဲ့တွေနဲ့ ဘီဘီစီ သတင်းထောက် အိုလာဂူရင် တွေ့ဆုံနိုင်ခဲ့ပါတယ်။ သူတို့အကြောင်းကို ကြည့်ရအောင်ပါ မသီဒါနွယ်က ပြန်ပြောပြပေးမှာပါ။