ရုရှား ယူကရိန်း စစ်ပွဲ သီတင်းပတ် ၁ပတ်ပြည့် အခြေအနေ
ရေးသားခဲ့သည်။
ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ခါဆွန်မြို့ကို ရုရှားက ထိန်းချုပ်လိုက်ပြီလို့ မြို့တော်ဝန်က ပြောပါတယ်။ ဒါဟာ ယူကရိန်းထဲက အရေးပါတဲ့ မြို့တမြို့ကို ရုရှားက ပထမဦးဆုံးထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မြို့တော် ကိယက်ဗ်နဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဟာကိဗ်မြို့ကိုလည်း ရုရှားက ဗုံးကြဲတိုက်ခိုက်မှုတွေ အကြီးအကျယ်လုပ်ဆောင်နေပါတယ်။ ရုရှားရဲ့ ကျူးကျော်မှု သီတင်းပတ် တပတ်ပြည့်မြောက်တဲ့ အခြေအနေတွေကို ကြည့်ရအောင်ပါ။ ကိုမိုးမြင့်က ပြောပြပေးထားပါတယ်။