ယူကရိန်းကို ကျူးကျော်မှု မော်စကိုမှာ ဆန့်ကျင် ဆန္ဒပြ

ဗီဒီယို ပုံစာ, ယူကရိန်းကို ကျူးကျော်မှု မော်စကိုမှာ ဆန့်ကျင် ဆန္ဒပြ
ရေးသားခဲ့သည်။

ရုရှား အနေနဲ့ ယူကရိန်းကို လိုအပ်ရင် လိုအပ်သလို စစ်ရေး တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်ဆိုပြီး ကရင်မလင် ဘက်က ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒီစစ်ရေး တိုက်ခိုက်မှုတွေကို ဝင်ရောက်နှောက်ယှက်တဲ့ နိုင်ငံတွေကိုလည်း သမိုင်းမှာ မကြုံဘူးတဲ့ အခြေအနေမျိုးနဲ့ ချက်ချင်း လက်တုံ့ပြန်သွားမယ်လို့ ရုရှား သမ္မတ ပူတင်က ပြောကြားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းကို ကျူးကျော်ခဲ့မှုအတွက် ရုရှား နိုင်ငံတွင်းမှာ ဒါဇင်နဲ့ချီတဲ့ လူတွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ မော်စကိုမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် စတိဗ် ရိုစင်ဘဂ် ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။