ယူကရိန်း မြို့တော်ထဲ ရုရှား တပ်တွေ ဝင်ရောက်

ဗီဒီယို ပုံစာ, ယူကရိန်း မြို့တော်ထဲ ရုရှား တပ်တွေ ဝင်ရောက်
ရေးသားခဲ့သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု ဒုတိယမြောက်နေ့မှာတော့ မြို့တော် ကိယက်ဗ် မြောက်ပိုင်းက ခရိုင်တွေထဲကို ရုရှားစစ်တပ်က ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ရုရှား စစ်တပ်က တင့်ကားတွေဟာ ကိယက်ဗ်ထဲ အထိဝင်ရောက်လာတာကို ဘီဘီစီက အတည်ပြုထားနိုင်ပါတယ်။ မနေ့ညကလည်း ကိယက်ဗ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့သလို၊ ယူကရိန်း အနှံ့က မြို့အတော်များများကိုလည်း ရုရှားက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်