ရုရှား တရုတ် ကုန်သွယ်ရေး နဲ့ ဆက်ဆံရေး

ဗီဒီယို ပုံစာ, ရုရှား တရုတ် ကုန်သွယ်ရေး နဲ့ ဆက်ဆံရေး
ရေးသားခဲ့သည်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တရုတ် သမ္မတ ရှီကျင်ပင်းက သမ္မတ ပူတင်ဆီကို တယ်လီဖုန်းဆက်သွယ် ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုး မရှိသေးသလို၊ ကျူးကျော်မှု မဟုတ်ဘူးလို့ ပြောဆို ထားပါတယ်။ ဒါ့အပြင် အနောက်နောက်နိုင်ငံတွေက ရုရှား အပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်ထားတာကို တရုတ်က ပူးပေါင်း ပါဝင်တာမျိုးလည်း မရှိသေးပါဘူး။ ပြီးတော့ ပိတ်ဆို့ အရေးယူမှုတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့လည်း တရုတ်ဘက်က ပြောပါတယ်။ တရုတ်နဲ့ ရုရှား ကြားက စီးပွားရေး ဆက်နွယ်မှုတွေ ဘယ်လောက်အထိ ရှိနေပါသလဲ။ ဘီဘီစီ သတင်းထောက် မာရီကို အွီး ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။