စစ်ကိုင်းက စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေ
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်ထဲက နှမစရစ် ရွာထဲက အိမ်ခြေ ၄၀၀ ကျော် ဒီနေ့မနက်ပိုင်းမှာပဲ မီးရှို့ခံခဲ့ရပါတယ်။ မီးလောင်မှုအတွင်း မထွက်ပြေးနိုင်တဲ့ သက်ကြီးရွယ်အိုသေဆုံးမှုရှိခဲ့သလို၊ လက်နက်ကြီးထိမှန်သူ၊ သေနတ်ထိမှန်သေဆုံးသူတွေလည်းရှိနေပါတယ်။
ဒါ့အပြင် ကလေးဒေသမှာလည်း မိခင်အပါအဝင် အမျိုးသမီးသုံးဦးဖမ်းခံရပြီး နောက်ရက်မှာပဲ မီးရှို့ခံထားရတဲ့အလောင်းကိုသာ ပြန်တွေ့ခဲ့ရတဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းတွေကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။