စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်း တိုက်ခိုက်ခံရ
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက အောက်စီဂျင်စက်ရုံဖွင့်ပွဲကိုသွားရောက်တဲ့ စစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ ယာဉ်တန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်တာကြောင့် ယာဉ်တန်းပါသူ တပ်ဖွဲ့ဝင်တွေသေဆုံးတာမျိုးအထိရှိတယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေက ထုတ်ပြန်သလို၊ ဒေသခံတွေကလည်း ဘီဘီစီကို ပြောကြပါတယ်။ ဒါ့အပြင် စစ်ကိုင်းကကျေးရွာတွေထဲမှာ စစ်ကြောင်းကဖြတ်သန်းရင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေလည်း ဒီကနေ့ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဟိန်းကိုစိုးကပြောပြမှာပါ။