ရုရှား ယူကရိန်း တင်းမာမှု လျှော့ချဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ တိုက်တွန်း
ရေးသားခဲ့သည်။
ရုရှားက လာမယ့် စနေနေ့မှာ ဒုံးကျည်ပစ်ခတ် စမ်းသပ်မှုတွေကို သမ္မတ ပူတင်ကိုယ်တိုင်ကြီးကြပ် လုပ်ဆောင်မယ် ဆိုတာကြောင့် ဒါဟာ ယူကရိန်းကို ကျူးကျော်တော့မယ့် အရိပ်လက္ခဏာ ဖြစ်တယ်ဆိုပြီး အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် ဒုံးကျည်စမ်းသပ်မှုတွေဟာ လုပ်ရိုးလုပ်စဉ် စမ်းသပ်မှုသာ ဖြစ်တယ်လို့ မော်စကိုဘက်ကတုံ့ပြန်ပါတယ်။ အမေရိကန်ဘက်ကတော့ ယူကရိန်း နယ်စပ်မှာ ရုရှား စစ်သည် တစ်သိန်းကျော်ရှိနေပြီး အချိန်မရွေးကျူးကျော်မှုတွေ လုပ်နိုင်တယ်လို့ ပြောထားပါတယ်။ ဒီအခြေအနေတွေကို လျှော့ချနိုင်ဖို့ ဂျာမနီ နိုင်ငံမြူးနစ်မြို့မှာ ဥရောပ လုံခြုံရေးဆိုင်ရာ ညီလာခံတစ်ခုကို ကျင်းပနေပါတယ်။ ဘီဘီစီ အရှေ့ဥရောပဆိုင်ရာ သတင်းထောက် ဆာရာ ရိမ်းဖို့ဒ် ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြေပေးမှာပါ။