စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီ ယာဉ်တန်းတွေ တိုက်ခိုက်ခံရမှု တိုးလာ
ရေးသားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ကောင်စီရဲ့ ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာ ခပ်စိတ်စိတ်ဆိုသလို ဖြစ်လာပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင် တန့်ဆည်ဘက်က အခြေအနေတွေက ဘယ်လို ရှိနေပါသလဲ။ ဘီဘီစီသတင်းထောက် မအိမ့်ခိုင်ဉီးက ပြောပြပေးမှာပါ။