ရတနာစီမံကိန်း လုပ်ခွင့်ရရေး ထိုင်းကုမ္ပဏီ ကြိုးပမ်း

ဗီဒီယို ပုံစာ, ရတနာစီမံကိန်း လုပ်ခွင့်ရရေး ထိုင်းကုမ္ပဏီ ကြိုးပမ်း
ရေးသားခဲ့သည်။

စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံရဲ့ စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ PTTEP International တို့ မုတ္တမကမ်းလွန်က ရတနာ သဘာဝဓါတ်ငွေ့ စီမံကိန်းအတွက် ဆွေးနွေးမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါဟာ စွမ်းအင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုတယ်လ် နဲ့ရှက်ဗရွန် မြန်မာပြည်ကနေထွက်ခွာပြီလို့ ပြောတဲ့နောက် သူတို့ရှယ်ယာပါဝင်တဲ့ ရတနာကမ်းလွန်စီမံကိန်းကို ထိုင်းကုမ္ပဏီ PTTEP က ဆောင်ရွက်ဖို့ကြိုးပမ်းနေတဲ့ အခြေအနေလို့ နားလည်ရပါတယ်။

ဒါဆိုရင် တိုတယ်လ်နဲ့ ရှက်ဗရွန်တို့ ထွက်ခွာသွား စေခဲ့တဲ့လှုံ့ဆော်မှုတွေက ထိရောက်ပါသလား။ လက်ရှိမှာ စစ်ကောင်စီနဲ့ ထိုင်းကုမ္ပဏီတို့ကြားဆွေးနွေးမှုတွေကဘယ်လိုရှိနေပါသလဲ။ ဒီအကြောင်း မနှင်းမိုက စုစည်းပြောပြထားပါတယ်။