အာဖဂန်နစ္စတန်က လက်တုံ့ပြန် သတ်ဖြတ်မှုတွေ
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံက အမျိုးသမီးအခွင့်အရေးတောင်းဆို ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေဟာ ပျောက်ဆုံးနေပါတယ်။ တာလီဘန်တွေကတော့ သူတို့ အနေနဲ့ ဒီအမျိုးသမီးတွေကို ဖမ်းဆီးထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။ ဒါ့အပြင် အရင်အစိုးရနဲ့အတူ လက်တွဲခဲ့တဲ့ လူတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာဖဂန်က လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ အရင်အစိုးရ အရာရှိဟောင်းတွေနဲ့ သတင်းထောက်တွေကို တာလီဘန်တွေက လက်တုံ့ပြန်သတ်ဖြတ်မှုပုံစံတွေ တွေ့မြင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေးပြောကြားနေပါတယ်။ တာလီဘန်တွေရဲ့ လက်တုံ့ပြန်သတ်ဖြတ်မှုတွေကို ကာဘူးလ် မြို့က ဘီဘီစီ သတင်းထောက် ယိုဂီတာ လီမာရေးက လေ့လာစုံစမ်းပြီး တင်ဆက်ပေးထားပါတယ်။ မသီဒါနွယ်က ပြန်ပြောပြပေးပါ့မယ်။