မြန်မာကိုဗစ်ကူးစက်မှု စံချိန်တင် ထပ်မံတွေ့ရှိ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တရက်တည်းမှာတင် တထောင်ကျော်အထိ ရှိလာနေတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါဟာ ကိုဗစ်တတိယလှိုင်းအပြီး ပြီးခဲ့တဲ့ နိုဝင်လနှောင်းပိုင်း ၂၄ နာရီအတွင်း ပိုးတွေ့ရှိမှု အများဆုံး ဖြစ်ပါတယ်။
ရန်ကုန်၊ မွန်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့မှာလည်း ဖျားနာလူနာတွေများလာနေပါတယ်။
ကိုဗစ်ကူးစက်မှု အခြေအနေအသေးစိတ်ကို မနှင်းမိုက ပြောပြပေးမှာပါ။