လွိုင်ကော်မြို့ကို စစ်ကောင်စီ လေကြောင်းက ထပ်မံ တိုက်ခိုက်
ရေးသားခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကို ဒီကနေ့ညနေပိုင်းမှာ စစ်ကောင်စီက ထပ်မံပြုလုပ်လာပါတယ်။
ဒါဟာ ၅ ရက်အတွင်း ၂ကြိမ်မြောက် လွိုင်ကော်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး ဒီတစ်ခါတော့ လွိုင်ကော်အပြင် ဒီမောဆိုမှာပါ ထပ်မံပစ်ခတ်တိုက် ခိုက်ခဲ့ပါတယ်။
လက်ရှိမှာတော့ ထိခိုက်သေဆုံးသူအနည်းဆုံး ၂ ဦးရှိတယ်လို့ မြေပြင်သိရှိသူတွေဆီက သိရပြီး အခြားသေဆုံးမှု တွေကိုတော့ အတိအကျမသိရသေးပါဘူး။
ကယားပြည်နယ်ထဲက အကြောင်းအရာတွေကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။