ချင်းပြည်နယ် မတူပီမှာ စစ်တပ်က ပစ်ခတ်မှုတွေလုပ်နေ

ဗီဒီယို ပုံစာ, ချင်းပြည်နယ် မတူပီမှာ စစ်တပ်က ပစ်ခတ်မှုတွေလုပ်နေ
ရေးသားခဲ့သည်။

ချင်းပြည်နယ် တောင်ပိုင်း မတူပီမှာ စစ်ကောင်စီ တပ်တွေရဲ့ စစ်ကြောင်းတွေ မြို့ပေါ်ကို ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မတူပီမြို့က တချို့ရပ်ကွက်တွေမှာ စစ်ကောင်စီဘက်က ဧည့်စာရင်းစစ်တာ ရှိသလို သေနတ်ပစ်ခတ်မှု တချို့လည်း ရှိခဲ့ပါတယ်။ ချင်းပြည်နယ်က အခြေအနေတွေကိုတော့ မအိမ့်ခိုင်ဦးက ဆက်ပြီးပြောပြပေးမှာပါ။