စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ ကလေးငယ်တွေ ပညာရေး အဆက်မပြတ်အောင် ဒေသခံတွေကြိုးပမ်း

ဗီဒီယို ပုံစာ, စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ ကလေးငယ်တွေ ပညာရေး အဆက်မပြတ်အောင် ဒေသခံတွေကြိုးပမ်း
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ဟာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ အများဆုံးပြည်နယ်နဲ့ တိုင်းတွေလည်းဖြစ်ပြီး လတ်တလော မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။

ဒီလိုဖြစ်နေချိန်မှာ ဒေသတွင်းက ကျောင်းနေအရွယ် ကလေးငယ်တွေအတွက် မူလတန်းပညာ အဆက်မပြတ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခံ တွေက ဆက်လက်ပညာ သင်ကြားပေးဖို့ ကြိုးစားလာကြတာတွေလည်း ရှိနေပါတယ်။

မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။