ဖရူဆိုအနောက်ခြမ်း စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းကတိုက်

ဗီဒီယို ပုံစာ, ဖရူဆိုအနောက်ခြမ်း စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းကတိုက်
ရေးသားခဲ့သည်။

ကယားပြည်နယ်မှာ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်အစောပိုင်း (၁)နာရီလောက်မှာ ဖရူဆိုအ‌နောက်ဘက်ခြမ်းက စစ်ရှောင်စခန်းကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ တာကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။

ဒီဇင်ဘာ (၃၁)ရက်ကစပြီး စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီဒေသထဲမှာ လေ‌ကြောင်းနဲ့တိုက်ခိုက်ခံရတာ အကြိမ်ရေ (၁၅)ကြိမ်ထက် မနည်းရှိနေပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေကပြောပါတယ်။

ဒီအကြောင်းစုံကို မနှင်းမိုက စုစည်းပြောပြမှာပါ။