ကလေးနဲ့ တီးတိန်မှာ တိုက်ပွဲဆက်ဖြစ်နေ
ရေးသားခဲ့သည်။
ချင်းပြည်နယ် မြောက်ပိုင်း ကလေးနဲ့ တီးတိန်မြို့နယ်ကြားမှာ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေကို အင်အားသုံးပီး ပစ်ခတ်တာတွေလည်းလုပ်နေပါတယ်။ အဲလိုပစ်ခတ်မှုတွေကြောင့် လက်နက်ကြီး ကျည်ကျ ရောက်တဲ့ နေရာတွေမှာ လူနေအိမ်ခြေတွေ ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။ အချက်ပေါင်းများစွာ ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေရဲ့ အခြေအနေက ဘယ်လိုရှိနေပါသလဲ ဘီဘီစီသတင်းထောက် မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။