သီရိလင်္ကာနိုင်ငံက ဘာသာရေး ဖိနှိပ်မှု

ဗီဒီယို ပုံစာ, သီရိလင်္ကာနိုင်ငံက ဘာသာရေး ဖိနှိပ်မှု
ရေးသားခဲ့သည်။

သီရိလင်္ကာနိုင်ငံမှာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ရှေ့နေ ဟီဂျက်ဇ် ဟဇ်ဘူလာ ရဲ့ အမှုကို ဒီလထဲမှာ စတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။ သူဟာ လူသိများတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဉီးဖြစ်ပြီး၊ ခရစ္စယာန် ဘာသာကို ဆန့်ကျင်ဖို့ ဆော်သြမှုနဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက သီရိလင်္ကာ အစိုးရကို အဓိက ဝေဖန်နေသူတစ်ယောက်ပါ။ နောက်ပြီး သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေကို လူများစု ဖြစ်တဲ့ စင်ဟာလိစ်တွေအမျိုးသားရေးဝါဒီတွေက ဖိနှိပ်မှုတွေလုပ်နေတယ်လို့ စွပ်စွဲမှုတွေလည်းရှိနေပါတယ်။ ဒါပေမယ့် ဒီလို ကိစ္စတွေကိုတော့ အစိုးရက ငြင်းဆိုလေ့ရှိပါတယ်။ ဘီဘီစီ သတင်းထောက် အန်ဘရာဆန် အက်သီရာဂျန် ကိုလံဘိုမြို့ကနေ ပေးပို့လိုက်တဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။