လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲတွေပြင်းထန်

ဗီဒီယို ပုံစာ, လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲတွေပြင်းထန်
ရေးသားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင်းမှာ မနေ့ ညကစပြီး ဒီကနေ့ မနက်အထိ စစ်ကောင်စီနဲ့ ဒေသ ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေသလို တိုက်ပွဲ အတွင်း အရပ်သားသေဆုံးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်တွေက အထပ်မြင့် တိုက်ကနေ နေရာယူပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ တချို့ ပိတ်မိနေခဲ့ပါတယ်။

တခါ ဒီဇင်ဘာလမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်ပြည်နယ် ကော့ကရိတ်ဘက် မှာလည်း စစ်ရှောင်တွေ တိုးလာသလို အခက်အခဲတွေ ဆက်ရှိ နေပါတယ်။ ကယားနဲ့ ကရင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို မအိမမမွန်က စုစည်းပြောပြပေးပါမယ်။