နတ်ချောင်းရွာမှာ နေအိမ်တွေ ထပ်ပြီး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြော
ရေးသားခဲ့သည်။
စစ်ကောင်စီဘက်ကဝင်ရောက်တပ်စွဲနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က နတ်ချောင်းရွာမှာ နေအိမ်တွေထပ်မံမီးရှို့ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကလေး - ဂန့်ဂေါလမ်းမကြီး တဝိုက်မှာ စစ်ရေးတင်းမာတဲ့အခြေအနေရှိတာကြောင့် ကုန်စည်ကားရော၊ အိမ်စီးကားတွေပါ မဖြတ်သန်းကြတော့ပါ ဘူး။ စစ်ရှောင်တွေလည်း ပိုပြီးအခက်အခဲကြုံနေရပါတယ်။ ဒီဒေသက နောက်ဆုံးအခြေအနေကို မနှင်းမိုက စုစည်းပြောမှာပါ။