လေးကေ့ကော် လေကြောင်းက တိုက်ခိုက်ခံရမှုအပေါ် KNU ရဲ့ အမြင်
ရေးသားခဲ့သည်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၉ မိုင်ခန့်အကွာရှိ လေးကေ့ကော် ဒေသကို ဒီဇင်ဘာ ၂၃ ရက်ညပိုင်းနဲ့ ၂၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေယာဉ်အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိပါတယ်။
လက်ရှိ စစ်မဲ့ဇုန် ငြိမ်းချမ်းရေးမြို့အဖြစ် သတ်မှတ်ထားတဲ့ လေးကေ့ကော်မြို့မှာ အခုလို လေယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ သဘောထားကို သိရဖို့ KNU ရဲ့ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောတာနီးကို မညိုလဲ့ရည်က မေးမြန်းထားပါတယ်။