ဒီးမော့ဆိုမှာ ဒေသခံကာကွယ်ရေးနဲ့ စစ်တပ်တိုက်ခိုက်

ဗီဒီယို ပုံစာ, ဒီးမော့ဆိုမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တိုက်ပွဲဖြစ်
ရေးသားခဲ့သည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား ဒေါပိုးစီရွာ၊ ခြောက်မိုင်စံပြရွာနဲ့ ဒီးမော့ဆိုရဲစခန်း စတဲ့နေရာတွေမှာ ပစ်ခတ်မှုတွေ နိုဝင်ဘာ ၂၂ ရက် နေ့လည်ပိုင်းကစပြီးဖြစ်နေခဲ့တာ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းအထိဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ထိခိုက်မှုတွေကိုတော့ အတိအကျမသိရသေးပါဘူး။ ဒါ့အပြင် လွိုင်ကော်ခရစ္စတူးဘုရားကျောင်းက ဂရုဏာဆေးခန်းက စေတနာ့ဝန်ထမ်းတွေကိုလည်း စစ်တပ်ဘက်က ပြည်သူ့ဆေးရုံကြီးဘက်ကို ဖိအားပေးပြောင်းရွှေ့ ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ကယားပြည်နယ်ထဲကသတင်းတွေကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။