ဦးဇေယျာသော် ဖမ်းဆီးခံရမှု NLD အပေါ်ရိုက်ခတ်နိုင်သလား
ရေးသားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ သူနဲ့ အတူ လက်နက်တွေပါမိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်မှာ အန်အယ်ဒီပါတီဝင်တွေ အများအပြား ဖမ်းဆီးခံထားရသလို စစ်ကြောရေးမှာ သေဆုံးသူတွေလည်းရှိနေပါတယ်။ ဒါကြောင့် NLDပါတီအနေနဲ့ ဘယ်လို အခြေအနေမျိုးရောက်သွားနိုင်ပါသလဲ ဒါတွေကိုတော့ မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။