အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ သတင်းစာရှင်းလင်းပွဲ

ဗီဒီယို ပုံစာ, အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ သတင်းစာရှင်းလင်းပွဲ
ရေးသားခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုဖွဲ့စည်းပေးခဲ့တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမဦးဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီနေ့ မနက်က အွန်လိုင်းကတဆင့် ကျင်းပခဲ့ရာမှာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဏ် သုံးသပ်မွမ်းမံရေး အပါအဝင် သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် တွေကို ပြောပြသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ NUCC ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH နဲ့ အတူ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ သပိတ်ကော်မီတီတွေနဲ့ CDMကိုယ်စားပြုအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်းစုဖွဲ့စည်းထားတာပါ။

အဲဒီ သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခဲ့တဲ့ ကိုရင်မောင်က အဲဒီ NUCCမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဘယ်နှဖွဲ့ ပါပါသလဲလို့ စမေးပါတယ်။