အမေရိကန် နိုင်ငံသား ဒန်နီ ဖန်စတာ ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံရ

ဗီဒီယို ပုံစာ, အမေရိကန် နိုင်ငံသား ဒန်နီ ဖန်စတာ ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံရ
ရေးသားခဲ့သည်။

ဖရန်တီးယားမြန်မာ သတင်းဌာနက သတင်းခန်းအယ်ဒီတာ ဒန်နီ ဖန်စတာကို မတရားအသင်း ဆက်သွယ်မှု၊ မတည်မငြိမ်ဖြစ်စေဖို့ လှုံ့ဆော်မှု အပါအဝင် အမှု၃ခုနဲ့ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ အယူခံဝင်ဖို့ မဝင်ဖို့ကို ကာယကံရှင်ဆန္ဒနဲ့အညီ ဆောင်ရွက်မယ်လို့ သူ့ရှေ့နေက ဘီဘီစီကို ပြောပါတယ်။သူ့ကို စွဲဆိုထားတဲ့အမှုတွေဟာအခြေအမြစ်မရှိဘဲနဲ့ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ဖရန်တီးယားနဲ့ ရှေ့နေတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ကိုဟိန်းကိုစိုးက အခုလိုသတင်းပေးပို့ထားပါတယ်။