ထားဝယ်သပိတ်ကော်မတီဝင်တချို့ရဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံရ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေတဲ့ တနင်္သာရီတိုင်း ထား၀ယ်ခရိုင်တွင်းက လောင်းလုံးမြို့နယ်ဘက်မှာ သပိတ်ကော်မတီဝင်တဦးရဲ့ နေအိမ်ကို စစ်ကောင်စီဘက်က နိုဝင်ဘာလ ၃ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဲဒီသူကို မတွေ့တာကြောင့် ဇနီးဖြစ်သူနဲ့ ၂ နှစ်အရွယ် ကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သူတို့ရဲ့ မိသားစု၀င်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ဒီရက်ပိုင်းအတွင်း ဆက်တိုက်ရှိနေပါတယ်။
ထား၀ယ်ဘက်က အခြေအနေတွေကို ဘီဘီစီ သတင်းထောက် မအိမမမွန်က စုစည်းပြောပြပေးမှာပါ။