ကယားနဲ့ ချင်းပြည်နယ်တွေမှာ ရိက္ခာပြတ်မှာ စိုးရိမ်နေရ

ဗီဒီယို ပုံစာ, ကယားနဲ့ ချင်းပြည်နယ်တွေမှာ ရိက္ခာပြတ်မှာ စိုးရိမ်နေရ
ရေးသားခဲ့သည်။

ရှမ်းပြည်နဲ့ ကယားပြည်နယ် နယ်စပ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ် မင်းတပ်တို့မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်မှုတွေဆက်ဖြစ်နေပြီး ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူတွေလည်းထပ်ရှိလာပါတယ်။

ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ ပိတ်ဆို့မှုတွေရှိတာကြောင့် ဆန်၊ ဆေးအပါအဝင် ရိက္ခာပစ္စည်းပြတ်လတ်မှုတွေရှိလာနိုင်တာကို ဒေသခံတွေကလည်း စိုးရိမ်နေကြပါတယ်။ အဲဒီဘက်က အခြေအနေတွေကို ဘီဘီစီသတင်းထောက် ကိုဟိန်းကိုစိုးက ပြောပြမှာပါ။