ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်က မိုးဗြဲဘက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်
ရေးသားခဲ့သည်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ရဲ့ နယ်စပ် မိုးဗြဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုအပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျလို့ အမျိုးသမီးတယောက် သေဆုံး သလို၊ အခြားတစ်ဦးဒဏ်ရာရလို့ ကုသပေးနေရပါတယ်။
တခါ ချင်းပြည်နယ် ထန်တလန်က လူနေထိုင်မှု မရှိတော့တဲ့ နေအိမ်တွေလည်း ဒီမနက်ပိုင်းကစလို့ မီးလောင်နေတာ ညနေပိုင်းအထိ မငြိမ်း သေးပါဘူး။ ပစ်ခတ်မှုတွေ၊ မီးလောင် မီးရှို့ခံရမှုတွေရှိခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်နဲ့ ချင်းပြည်နယ်ဘက်က သတင်းတွေကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။
ချင်းပြည်နယ်က ထန်တလန်မှာ လူနေအိမ်တွေ မီးလောင်ခဲ့ပြီး ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်က မိုးဗြဲဘက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။