မြောင်မြို့နယ်မှာ ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ ဖျက်ဆီး
ရေးသားခဲ့သည်။
မြောင်မြို့နယ် နဂါးပေါက်ရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ က ဒီကနေ့မနက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ဒါ့အပြင် အရာတော်၊ ဝက်လက်စတဲ့မြို့နယ်တွေက စစ်အာဏာသိမ်းမှုဆန့် ကျင်ရေး ပါဝင်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီဘက်ကချိပ်ပိတ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက အခြေအနေတွေကို ဘီဘီစီသတင်းထောက် မနှင်းမိုကစုစည်းပြောပါမယ်။