စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အတွင်း တိုက်ပွဲတွေ ဖြစ်

ဗီဒီယို ပုံစာ, စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အတွင်း တိုက်ပွဲတွေ ဖြစ်
ရေးသားခဲ့သည်။

စစ်ကောင်စီတပ်တွေနဲ့ စစ်ကိုင်းတိုင်းက ဒေသခံကာကွယ်ရေးတပ်တွေ အကြားပစ်ခတ်မှုတွေ တိုက်ခိုက်မှု တွေကနေ့စဉ်ဆိုသလိုရှိနေပါတယ်။ ဒီနေ့မနက်လည်း မြောင်မြို့နယ်က ကျေးရွာအချို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ နယ်မြေဆက်စပ်မှုရှိတဲ့ ချင်းပြည်နယ်ဘက်မှာလည်း စစ်ကြောင်းတွေက မင်းတပ်ကနေ မတူပီကို ရွှေ့လျားနေတာမို့ ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာတွေလုပ်နေရတယ်လို့ ဆိုကြပါတယ်။ ဒီအခြေအနေတွေကို ဘီဘီစီသတင်းထောက် ကိုဟိန်းကိုစိုးကစုစည်းပြောပြမှာပါ။