တော်လှန်သီတင်းကျွတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုများ

ဗီဒီယို ပုံစာ, တော်လှန်သီတင်းကျွတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုများ
ရေးသားခဲ့သည်။

မြန်မာပြည်သူတွေ အထွတ်အမြတ်ထားတဲ့ ဝါလကင်းလွတ်သီတင်းကျွတ် လပြည့်နေ့မှာ ဘုရားသွား ကုသိုလ်ကောင်းမှု ပြုလုပ်သူတွေရှိသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ၊ ပျောက်ကြားသပိတ်တွေနဲ့ ပေါက်ကွဲမှုတွေလည်း မြို့တချို့မှာ ဆက်ရှိခဲ့ပါတယ်။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲဝင် တချို့ သေဆုံးခဲ့သလို တနင်္သာရီတိုင်း မြိတ်မြို့မှာလည်း NLD ခရိုင်းရုံးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီတင်းကျွတ်လပြည့်နေ့ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအကြောင်း ကိုနန္ဒက စုစည်းပြောပြပေးမှာပါ။