ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ မီဒီယာမှာ မပြောဖို့ တားမြစ်ခံရ
ရေးသားခဲ့သည်။
ဒေါ်ေအာင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၄ မှုနဲ့ပတ်သက်ပြီး ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဇော်ကို သတင်းဌာနတွေအပါအဝင် ပြည်တွင်းပြည်ပ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရုံးထုတ်စစ်ဆေးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့အပေါ် အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။ <ဒီလိုအလားတူကိစ္စမျိုး အခြားရှေ့နေအဖွဲ့ဝင်တစ်ဦးလည်း တားမြစ်ခံထားရတာပါ။> အခုလို တားမြစ်တာက နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ရှေ့နေ တစ်ဦးက သူ့အမှုသည်ရဲ့ အကြောင်း ပြောကြားခွင့်တွေကို ကန့်သတ်ရာရောက်တယ် ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ဒီအကြောင်း မညိုလဲ့ရည်ပြောပြမှာပါ။