အန်စီအေ ပျက် မပျက် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးရဲ့ အမြင်

ဗီဒီယို ပုံစာ, အန်စီအေ ပျက် မပျက် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးရဲ့ အမြင်
ရေးသားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ် ချုပ်ဆိုတဲ့ ၆ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ စစ်ကောင်စီခေါင်းဆောင်က မိန့်ခွန်းပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တချို့ကလည်း လက်ရှိ NCA လုပ်ငန်းစဉ်ထိခိုက်နေမှုအပေါ် ထောက်ပြပြောဆိုကြတာရှိပါတယ်။

တပ်မတော်အစိုးရလက်ထက်တွေမှာ ငြိမ်းချမ်းရေးလုပ်စဉ်တွေ အောင်မြင်လာပြီး ပစ်ခတ်တိုက်ခိုက်မှုတွေလျော့နည်းလာတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်ပတ်လည်နေ့ ဗီဒီယိုနဲ့ပေးပို့သဝဏ်လွှာမှာ ပြောထားပါတယ်။

<တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၆နှစ်ပြည့်အခမ်းအနားကို စစ်ကောင်စီဘက်က ကျင်းပခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားကို အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တက်ရောက်ခဲ့ပေမယ့် ကေအိုင်အေ၊ ကေအန်ယူ စတဲ့ အင်အားကြီး အဖွဲ့တွေကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။>

ဒါပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုချက် ၆ ချက်ပါတဲ့ ကြေညာချက်တစ်စောင် ထုန်ပြန်ရာမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးခံရသူအားလုံးကိုချွင်းချက်မရှိလွတ်ပေးဖို့နဲ့ စစ်တပ်ရဲ့ အခြေစိုက်စခန်းတွေကို ပြန်လည်ရုတ်သိမ်းပြီး တစ်နိုင်ငံလုံးကို အပစ်အခတ်ရပ်စဲဖို့အချက်တွေ ပါဝင်ပါတယ်။ နောက်ပြီး တပ်မတော်ဟာ နိုင်ငံရေးမှာ ပါဝင်နေရာကနေ နုတ်ထွက်ကြောင်း ကြေညာဖို့လည်း တောင်းဆိုထားပါတယ်။

အခုလို NCA ခြောက်နှစ်ပြည့်တဲ့အချိန်မှာ အာဏာသိမ်းတဲ့ဂယက်ကြောင့်လည်း NCA ရဲ့ အသက်ဝင်မှုက မေးခွန်းထုတ်စရာရှိလာပါတယ်။ ဒီအကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဗိုလ်မှူးကြီးခွန်ဥက္ကာ နာယက ကို ကိုအောင်သူရက မေးမြန်းထားပါတယ်။