လျှပ်စစ်မီး ပုံမှန်ရဖို့ အခက်အခဲတွေ ကြုံလာရမလား
ရေးသားခဲ့သည်။
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့ လျှပ်စစ်မီးအချိန်ကြာကြာပြတ်တောက်မှုတွေ ဒီရက်ပိုင်းမှာဖြစ်လာပါတယ်။ လျှပ်စစ်ထုတ်လုပ်ကြတဲ့ လုပ်ငန်းအချို့လည်း ရပ်ဆိုင်းတာမျိုး ရှိလာနေပါတယ်။
ဒါ့အပြင် လျှပ်စစ်အတွက် သုံးမယ့် စစ်ကောင်စီရဲ့ ဘတ်ဂျတ်ကလည်း ပြီးခဲ့တဲ့ဘဏ္ဍာနှစ်တွေတစ်လျှောက်အနည်းဆုံးဖြစ်နေပါတယ်။
ဒါကြောင့် လာမယ့်ကာလတွေမှာ လျှပ်စစ်မီးမှန်မှန် ရရှိရေးက အခက်အခဲတွေရှိလာတော့မှာပါလား။ ဘီဘီစီသတင်းထောက် ကိုဟိန်းကိုစိုးကပြောပြမှာပါ။