အထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် ပျက်သွားတာမဟုတ်လို့ စစ်ကောင်စီတုံ့ပြန်
ရေးသားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာရဝမ် ယူဆွဖ် နဲ့နိုင်ငံရေးပါတီတချို့ အောက်တိုဘာလ ၁၂ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံမယ့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ဖိတ်ကြားခံထားရတဲ့ ပါတီခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်မလာသေးပေမယ့် သူ့ရဲ့ မြန်မာပြည် ခရီးစဉ် ပျက်သွားတာ မဟုတ်ပဲ ရက်ရွှေ့ဆိုင်းတာသာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။
ဒီအကြောင်း ကိုအောင်သူရက ဆက်ပြောပြပေးမှာပါ။