ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတွေပေးခဲ့တယ်ဆိုတာ မပေါ်ဘူးလို့ ရှေ့နေပြော
ရေးသားခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ အမှုလေးမှုကို နေပြည်တော်ကောင်စီဝန်းထဲက အထူးတရားရုံးမှာ ကြားနာမှုရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ်ထွက်ဆိုခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးမှူး ဦးရဲထက် ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ပြန်လှန်စစ်မေးတာတွေလုပ်ခဲ့ပါတယ်။ ဒီနေ့တရားခွင်အခြေအနေကိုတော့ ဘီဘီစီသတင်းထောက် ကိုနန္ဒကပြောပြပေးမှာပါ။