ကယားပြည်နယ်ထဲ တိုက်ပွဲတွေ ဖြစ်နေဆဲ
ရေးသားခဲ့သည်။
ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှမ်းကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲစတဲ့ မြို့နယ်တွေထဲမှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပစ်ခတ်တိုက်ခိုက်မှုတွေက နေ့စဉ်ဆိုသလိုဖြစ်နေဆဲပါ။
အလားတူ ချင်းပြည်နယ်အတွင်းမှာလည်း ပစ်ခတ်မှုတွေဗုံးပေါက်မှုတွေအပြင် ပြည်နယ် မြို့တော်ဟားခါး အပြင်ဘက်မှာလည်း နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီဒေသတွေက သတင်းတွေကို ကိုဟိန်းကိုစိုးက စုစည်းပြောပြမှာပါ။