မြို့နယ်ပေါင်း ၂၀ ကျော် အင်တာနက် ပိတ်ထားခံရ
ရေးသားခဲ့သည်။
စက်တင်ဘာလ ၂၃ရက်နေ့ ညနေပိုင်းလောက်ကစပြီး မြို့နယ် ၁၀ ခုလောက်မှာ မိုဘိုင်းလ် အင်တာနက်တွေ ဖြတ်တောက် ခံလိုက်ရပါတယ်။ အာဏာသိမ်းပြီးချိန်ကတည်းကစလို့ အခုထိ ဆိုရင် မိုဘိုင်းလ် အင်တာနက်တွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၂၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ အကြပ်အတည်း ပဋိပက္ခတွေကြားမှာ သတင်းအချက်အလက်တွေ မရနိုင်တာကြောင့် အဲဒီမြို့နယ်တွေက လူတွေမှာ လူမှုရေး၊ စီးပွားရေးအပါအဝင် အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။