ထားဝယ်ခရိုင်အတွင်း နေ့စဉ် ဆန္ဒပြနေကြ
ရေးသားခဲ့သည်။
ထားဝယ်ခရိုင်အတွင်း စစ်အာဏာသိမ်းမှုအပေါ် နေ့စဉ်ဆိုသလို ဆန္ဒပြသပိတ်မှောက်တာတွေ ရှိနေပြီး လူငယ်တွေက ဦးဆောင်နေပါတယ်။ အဲဒီအပေါ် စစ်ကောင်စီကလည်း ဖြိုခွင်းတာ၊ ပါဝင်သူတွေကို ဖမ်းဆီးတာတွေလုပ်နေဆဲပါ။ ဒီနေ့လည်း ဆန္ဒပြသပိတ်မှောက်တာတွေရှိသလို၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ထဲက စစ်ကောင်စီသတင်းပေးလို့ ယူဆသူအုပ်ချုပ်ရေးမှူးအိမ်မှာ ဗုံးပေါက်ကွဲမှုတွေဖြစ် ခဲ့ပါတယ်။ ဒီအကြောင်း ဘီဘီစီသတင်းထောက် ကိုဟိန်းကိုစိုးကစုစည်းပြောပြမှာပါ။