အာဏာသိမ်းမှု ၇ လတာ သေဆုံးသူ ၂ထောင်ကျော် ရှိလာ
ရေးသားခဲ့သည်။
အာဏာသိမ်းပြီး ၇ လကျော်အတွင်း စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်သူတွေ ကိုးရာကျော် အသတ်ခံခဲ့ရတယ်လို့ မနေ့က စစ်ကောင်စီ တာဝန်ရှိသူတွေက နိုင်ငံတကာ သံရုံး တာဝန်ရှိသူတွေကို ရှင်းလင်း ပြောပြ ခဲ့ပါတယ်။ တခါ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ စာရင်း ထုတ်ပြန်ချက် အရစစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူ တစ်ထောင်ကျော် သေဆုံးခဲ့ပြီး ဖြစ်တာကြောင့် နှစ်ဘက်သေဆုံးမှုက နှစ်ထောင် ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ကိုနန္ဒက ဆက်ပြီးပြောပြပေးမှာပါ။ ဒီသတင်းမှာ စိတ်အနှောက်အယှက်ဖြစ်စရာ ပုံရိပ်တွေပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။