အာဏာသိမ်းတာ ရက် ၂၀၀ ကျော်လာပေမယ့် ဆန့်ကျင်နေကြဆဲ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းတာ(၂၁၈)ရက်ရှိလာပေမယ့်လည်း ဆန္ဒပြပွဲတွေသာမက ပေါက်ကွဲမှုတွေအပြင် လုပ်ကြံသတ်ဖြတ်မှုတွေဆက်ရှိနေပါတယ်။
မိုးကုတ်မြို့က ကြံ့ခိုင်ရေး ပါတီဝင် လင်မယားနှစ်ဦး ဒီမနက်မှာ သေနတ်နဲ့ ပစ်သတ်ခံရသလို၊ ရေဦးမြို့နယ် အင်တိုင်းရွာ အုပ်ချုပ်ရေးမှူးလည်း မနေ့ညကအသတ်ခံရပါတယ်။
ဒီလိုပစ်ခတ်မှုတွေ အကြောင်း မနှင်းမိုက စုစည်း ပြောပြပါမယ်။