အာဖဂန် နစ္စတန်အတွင်းက နိုင်ငံတကာ တပ်တွေ အပြီးသတ် ထွက်ခွာ

ဗီဒီယို ပုံစာ, အာဖဂန် နစ္စတန်အတွင်းက နိုင်ငံတကာ တပ်တွေ အပြီးသတ် ထွက်ခွာ
ရေးသားခဲ့သည်။

အာဖဂန် နစ္စတန်ထဲမှာ အမေရိကန်တွေဆက်ရှိမနေတော့ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် ပြည်သူလူထုကို ပြောပြဖို့ ရှိပါတယ်။ သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီက အမေရိကန်တပ်တွေနဲ့ မဟာမိတ် အာဖဂန်တွေကို ကယ်ထုတ်နိုင်ခဲ့တာနဲ့ ပတ်သက်လို့လည်း ဒါဟာ သမိုင်းမှာ အကြီးမားဆုံး လေကြောင်း ကယ်ဆယ်ရေး တခုဖြစ်တယ်လို့ ချီးကျူးဂုဏ်ပြုထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှု ဖြစ်ခဲ့ပြီးနောက်မှာ အဲဒီတုန်းက သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်က စတင်ခဲ့တဲ့ ထိုးစစ်ဟာလည်း နှစ်ပေါင်း ၂၀ အကြာမှာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်ဟာ ကဘူးလ်မြို့တော်က သံရုံး ဝန်ဆောင်မှုတွေအကုန်လုံးကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။ သူတို့က ကာတာကနေပြီး အမေရိကန် နိုင်ငံသားတွေနဲ့ သူတို့ မိသားစုတွေကို ဆက်လက် ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။