အမေရိကန်တပ်တွေ ဆုတ်ခွာမယ့်ရက်ကို နောက်ဆုတ်မှာမဟုတ်

ဗီဒီယို ပုံစာ, အမေရိကန်တပ်တွေ ဆုတ်ခွာမယ့်ရက်ကို နောက်ဆုတ်မှာမဟုတ်
ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေ ဆုတ်ခွာမယ့်ရက်ကို ထပ်တိုးဖို့ ဥရောပခေါင်းဆောင်တွေက တောင်းဆိုနေပေမယ့် အကြမ်းဖက်တိုက်ခိုက်မှု သမ္မတ ဂျိုးဘိုင်ဒန်က ငြင်းဆန်လိုက်တာကြောင့် အာဖဂန်နိုင်ငံသား ထောင်နဲ့ချီ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

အာဖဂန်နိုင်ငံတွင်းကနေ ဘေးလွတ်ရာကို ကယ်ထုတ်ပေးနေတာကိုလည်း အမေရိကန်ဘက်က အရှိန်မြင့် လုပ်ဆောင်နေပြီး မြန်မြန် အဆုံးသတ်နိုင်လေ ကောင်းလေပဲလို့ ဆိုပါတယ်။

အမေရိကန်တပ်တွေ ဆုတ်ခွာတဲ့အခါ အာဖဂန်နိုင်ငံကို ဘယ်နိုင်ငံတွေက ကြီးစိုးလာနိုင်ဖွယ်ရှိပါသလဲ။

မသီဒါနွယ်က ဆက်ပြောပြပေးမှာပါ။