တမူးမြို့မှာ အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်

ဗီဒီယို ပုံစာ, တမူးမြို့မှာ အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်
ရေးသားခဲ့သည်။

စစ်ကောင်စီတပ်တွေနဲ့အစောဆုံး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း တမူးမြို့မှာ ဒီကနေ့မနက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မင်းတပ်မြို့ဘက်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေတွေကို မနှင်းမိုက ပြောပြပေးမှာပါ။